Loading...
Latest news

Events

   

Knowledge Sharing and Internship Opportunity

Myanmar Telecom Gateway မှဦးစီးကျင်းပသော Knowledge Sharing and Internship Opportunity ခေါင်းစဉ်ဖြင်၂၀၁၉ ခုနှစ် ဇန်န၀ါရီလ( ၁၇)ရက် ကြာသပတေးနေ့ မှာ မြစ်ကြီးနား နည်းပညာတက္ကသိုလ် နှင့် Computer တက္ကသိုလ် အသီးသီးတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြစ်ကြီးနားနည်းပညာတက္ကသိုလ် အခမ်းအနားတွင် Myanmar Telecom Gateway မှ Senior Instructor များ ဖြစ်ကြသော ဆရာ ဦးမြင့်သန်း၊ Mr. Milorad Mickey ( Consultant & Senior Instructor )၊MD Ko.La Htoi မြစ်ကြီးနားနည်းပညာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး Dr.မြတ်သူ၊  မြစ်ကြီးနားနည်းပညာတက္ကသိုလ်မှ  ဆရာ၊ ဆရာမ များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ICT/Telecom နည်းပညာဆွေးနွေးပွဲ အခမ်းအနား တွင် MD Mr.La Htoi မှ အဖွင့်အမှာစကားနှင့် Internship အကြောင်း ပြောကြား ဖွင့်လှစ်ခဲ့သည်။ ထို့နောက်တွင် Senior Instructor ဦးမြင့်သန်းမှ  Evolution of Mobile Technologies  နှင့် Mr.Milorad Mickey ( Consultant & Senior Instructor )မှ ICT/Telecom Sector job Opportunities and How to be successful in ICT/Telecom Industries  ခေါင်းစဉ် တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အစီစဉ်အပြီးမှာ MD Ko. La Htoi မှ မြစ်ကြီးနားနည်းပညာ တက္ကသိုလ် ကို မေတ္တာလက်ဆောင်ပေးအပ်ခြင်း၊ answer & question များ ပြုလုပ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


 

   

 မြစ်ကြီးနား Computer တက္ကသိုလ် အခမ်းအနား တွင်လည်း Myanmar Telecom Gateway မှ Senior Instructor များ ဖြစ်ကြသော ဆရာ ဦးမြင့်သန်း၊ Mr. Milorad Mickey ( Consultant & Senior Instructor )၊ MD Mr.La Htoi မြစ်ကြီးနားComputer  တက္ကသိုလ်မှ ကျောင်းအုပ်ကြီး  ၊ မြစ်ကြီးနားComputer တက္ကသိုလ်မှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ICT/Telecom နည်းပညာဆွေးနွေးပွဲ အခမ်းအနား တွင် MD Ko.La Htoi မှ အဖွင့်အမှာစကားနှင့် Internship အကြောင်း ပြောကြား ဖွင့်လှစ်ခဲ့သည်။ ထို့နောက်တွင် Senior Instructor ဦးမြင့်သန်းမှ  Evolution of Mobile Technologies  နှင့် Mr.Milorad Mickey ( Consultant & Senior Instructor )မှ ICT/Telecom Sector job Opportunities and How to be successful in ICT/Telecom Industries  ခေါင်းစဉ် တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အစီစဉ်အပြီးမှာ MD Ko La Htoi မှ မြစ်ကြီးနားComputer  တက္ကသိုလ် ကို မေတ္တာလက်ဆောင်ပေးအပ်ခြင်း၊ Question& answer  များ ပြုလုပ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

 

   

MTG Job Opportunities Forum at ThayLynn Technology University

Myanmar Telecom Gateway မှဦးစီးကျင်းပသော MTG Job Opportunities Forum ကို ၂၀၁၈ ခုနှစ် သြဂုတ်လ( ၈)ရက် ဗုဒ္ဓဟူးနေ့ သန်လျင် နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ၌် အောင်မြင်စွာ ပြုလုပ် ကျင်းပခဲ့သည်။

အခမ်းအနားတွင် Myanmar Telecom Gateway မှ ဆရာများ ဖြစ်ကြသော ဆရာ ဦးမြင့်သန်း၊ ဆရာ ဦးဇေယျာဦး၊ MD Mr.La Htoi နှင့် သန်လျင်နည်းပညာ တက္ကသိုလ်မှ တာဝန်ရှိသူ Dr.ဦးမျိုးမြင့် ၊ သန်လျင်နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

MTG Job Opportunities Forum တွင် MD Mr.La Htoi မှ အဖွင်အမှာစကား ပြောကြား ဖွင်လှစ်ခဲ့သည်။ ထို့နောက်တွင် ဆရာ ဦးဇေယျာဦးမှ Job Opportunities of Telecom နှင့် ဆရာ ဦးမြင့်သန်းမှ Telecom Power Plant and Electronic Environment ခေါင်းစဉ် တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အစီစဉ်အပြီးမှာ MD Mr. La Htoi မှ သန်လျင်နည်းပညာ တက္ကသိုလ် ကို မေတ္တာလက်ဆောင်ပေးအပ်ခြင်း၊ ကျောင်းသား ကျောင်းသူများသို့ ကံစမ်းမဲများ ပြုလုပ်ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။.


 

   

MTG knowledge sharing Seminar at West Yangon Technology University<

Myanmar Telecom Gateway မှ ဦးစီးကျင်းပသော Knowledge Sharing Seminar ကို ၂၀၁၈ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် လှိုင်သာယာ နည်းပညာ တက္ကသိုလ် တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် Myanmar Telecom Gateway မှတာဝန်ရှိသူ Mr.Miloard ၊ Dr. ဒေါ်အိအိမိုး ၊့ MD Mr.La Htoi နှင့် လှိုင်သာယာ နည်းပညာ တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသူ ကျောင်းသားများ စုံလင်စွာ တတ်ရောက်ခဲ့ကြသည်။

Seminar တွင် MD Mr.La Htoi မှ အဖွင်အမှာစကား ပြောကြား ဖွင်လှစ်ခဲ့ပြီး  Mr. Milorad မှ Engineering and Personal Development ခေါင်းစဉ်နှင့် ဆရာမ ဒေါက်တာ ဒေါ်အိအိမိုးမှ Evolution of Telecom Infrastructure ခေါင်းစဉ်များကို အသီးသီး ဆွေးနွေးဟောပြခဲ့ပါသည်။ ထို့နောက်တွင် ကျောင်းသား ကျောင်းသူ များအတွက် Internship Program များကို မိတ်ဆက်ပေးခဲ့ပြီး လှိုင်သာယာ နည်းပညာ တက္ကသိုလ် သို့ မေတ္တာလက်ဆောင် များပေးအပ်ခဲ့ပြီး အခမ်းအနား ပိတ်သိမ်းကြောင်း ကြော်ငြာခဲ့သည်။.


 

Other Activities at Myanmar Telecom Gateway.

Topics Location Date
1 ADSL installation Trial Section MTG 10th March 2018
2 CV Writing (work.com.mm) MTG 14th Jan 2018
3 Telecom Engineering Event MTG 30th, Dec,2017
4 Free Trail Section Basic Telecom MTG 7th~ 8th ,Oct,2017

Powered by
¬